နှစ်တွေကတော့ တစ်နှစ်ပြီး တစ်နှစ်ပြောင်းလာမှာပါပဲ။ မြန်မာ့ရိုးရာမဟာဘုတ်ဗေဒင်ပညာအရတော့ ခုနှစ်နှစ် စက်ဝန်းသည် အလှည့်ကျ လည်ပတ်နေပြီး ကံစက်ဝိုင်းကို လည်ပတ်နေကြောင်း ဖော်ပြပေးလျက် ရှိပါတယ်။ နေ့ခုနှစ်နေ့ကို စနေ တနင်္ဂနွေ ..တနင်္လာ စသည်အားဖြင့် ခုနှစ်ရက် ခုနှစ်လီ … အပတ်စဉ် ကျွန်တော်တို့အားလုံး ဖြတ်သန်းနေရသည့်နည်းတူ… နှစ်ခုနှစ်မျိုးကိုလည်း …သည့်နှယ်ပင် လည်ပတ်ဖြတ်သန်းနေကြရပါတယ်။
သည်တစ်နှစ် ကျရောက်ရာ …မဟာဘုတ်ခွင်ဟာ …ငါးခုကြွင်းမဟာဘုတ်ခွင် နှစ် ဖြစ်ပါတယ်။ ရှေ့ဆောင်းပါး နံပါတ်(၁) မှာ ..တနင်္ဂနွေဂြိုဟ် နဲ့ တနင်္လာဂြိုဟ် ရပ်တည်မှု အနေအထား အကြောင်း ကျွန်တော် အတန်အသင့် ဖော်ပြခဲ့ပြီး ဖြစ်တာကြောင့် …ယခု ..အင်္ဂါဂြိုဟ် ရပ်တည်မှု အနေအထားကို ဆက်ပါမယ်။
သည်တစ်နှစ် ကျရောက်ရာ …မဟာဘုတ်ခွင်ဟာ …ငါးခုကြွင်းမဟာဘုတ်ခွင် နှစ် ဖြစ်ပါတယ်။ ရှေ့ဆောင်းပါး နံပါတ်(၁) မှာ ..တနင်္ဂနွေဂြိုဟ် နဲ့ တနင်္လာဂြိုဟ် ရပ်တည်မှု အနေအထား အကြောင်း ကျွန်တော် အတန်အသင့် ဖော်ပြခဲ့ပြီး ဖြစ်တာကြောင့် …ယခု ..အင်္ဂါဂြိုဟ် ရပ်တည်မှု အနေအထားကို ဆက်ပါမယ်။
ယခုနှစ် မဟာဘုတ်ခွင်မှာ အင်္ဂါဂြိုဟ် ဟာ ရာဇဌာနမှာ ရပ်တည်လို့ဖြင့် နေပါတယ်။
အင်္ဂါဂြိုဟ်သည် စစ်မက်ရေးရာများနဲ့ …လူသားတွေရဲ့ တိုးတက်မြင့်မားလိုသော ဆန္ဒများကို ဖော်ပြသလို..၊ စုပေါင်းညီညာ ဆောင်ရွက်နိုင်မှုတွေအပေါ်လည်း လွှမ်းမိုးတဲ့ဂြိုဟ်တစ်ခု ဖြစ်ပါတယ်။ အဆိုပါ အင်္ဂါဂြိုဟ်သည် သည်တစ်နှစ် လူသားအားလုံးရဲ့အပေါ်မှာ လွှမ်းမိုးနေသည့် ဂြိုဟ်ဆိုရင်လည်း မမှားပါ။
အင်္ဂါဂြိုဟ်သည် စစ်မက်ရေးရာများနဲ့ …လူသားတွေရဲ့ တိုးတက်မြင့်မားလိုသော ဆန္ဒများကို ဖော်ပြသလို..၊ စုပေါင်းညီညာ ဆောင်ရွက်နိုင်မှုတွေအပေါ်လည်း လွှမ်းမိုးတဲ့ဂြိုဟ်တစ်ခု ဖြစ်ပါတယ်။ အဆိုပါ အင်္ဂါဂြိုဟ်သည် သည်တစ်နှစ် လူသားအားလုံးရဲ့အပေါ်မှာ လွှမ်းမိုးနေသည့် ဂြိုဟ်ဆိုရင်လည်း မမှားပါ။
ဒါကြောင့်လည်း သည်တစ်နှစ်မှာ လူပေါင်းများစွာ အဖို့ လက်တွဲမလား လမ်းခွဲမလား ပြတ်သားစွာရွေးခြယ်ရမှုတွေ ကြုံကြိုက်လာရတတ်ခြင်း ဖြစ်ပါတယ်။ သည်တစ်နှစ်အဖို့ ကံအကောင်းစေနိုင်ဆုံး ပုဂ္ဂိုလ်တွေကို ပြပါဆိုရင်လည်း……
သချာင်္ဥာဏ်ရှိသော ….
လက်တွေ့ကျသော….
လျှင်မြန်စွာအကောင်အထည်ဖော်တတ်သော…
ညီတူမျှတူ စိတ်သဘာဝ ရှိသော….
စိတ်ထက်မြက်ပြီး ရှေ့ဆောင်ဦးရွက် ပြုလိုတတ်သော ….
သူတစ်ပါးကို နည်းပေးလမ်းပြ ပြုလိုတတ်သော ….
ပုဂ္ဂိုလ်များကို ညွှန်ပြရမှာပဲ ဖြစ်ပါတယ်။
နေ့နံအားဖြင့်ကတော့ အင်္ဂါနေ့ဖွားများအားလုံးသည် ယေဘုယျအားဖြင့် ကံအားအသာနိုင်ဆုံး ဖြစ်သလို၊
နာမည်အရအားဖြင့် ကတော့ …နာမည်အဖျားစာလုံး (၀ါ) နာမည်တစ်ခုရဲ့ အဆုံးစာလုံး ကို အင်္ဂါနံ( စ၊ဆ၊ဇ၊ဈ၊ည) ဖြင့် မှည့်ခေါ်ထားသူများ (ဥပမာအားဖြင့် …ကိုကျော်စွာ၊ မနွယ်နီစိုး၊ မင်းမင်းဆွေ၊ သီရိမြတ်စု….)နဲ့ ….နာမည်တစ်ခုလုံးရဲ့ ဗျုပ္ပတ်သဘာဝမှာ အင်္ဂါဂြိုဟ် လွှမ်းမိုးထားသော နာမည်ရှင်များ (ဥပမာအားဖြင့် …ရဲရင့်၊ ထက်မြက် ၊ သဒ္ဓါမှုးဆက် ၊ ညီညီ ၊ ဇော်မင်းထက်၊ ) စသည်ဖြင့်သော နာမည်ရှင်များ …. သည် ..ယခုနှစ်အဖို့ ကံအားသာနိုင်သော ပုဂ္ဂိုလ်များ ဖြစ်ကြပါမယ်။
ထိုနာမည်ရှင်များသည် ယခုနှစ်အတွင်းမှာ မိမိတို့ရည်မှန်းချက် ပန်းတိုင်ကို လျှင်မြန်စွာ ချီတက် လုပ်ကိုင် အောင်မြင်သွားစေနိုင်သော ကောဇာအင်အား ရရှိနေကြပြီ ဖြစ်ပါတယ်။
တစ်ကယ်လို့သာ ဖြတ်သန်းနေဆဲ ဒသာအင်အားအရ ကောင်းကျိုးပေးချိန်နဲ့ တိုက်ဆိုင်နေမယ်ဆိုရင် အထက်ပါပုဂ္ဂိုလ်များ အားလုံးအဖို့ သည်တစ်နှစ်ဟာ Lucky Year လို့ ခေါ်ဆိုနိုင်လောက်သည် အထိ ကောင်းကျိုးပြုသွားနိုင်တာ အသေအချာပါပဲ။
အင်္ဂါဂြိုဟ်ဟာ စစ်တပ်နဲ့ လက်နက်ကိုင်အဖွဲ့အစည်းများကို ဖော်ပြတဲ့ဂြိုဟ်လည်းဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံရေးရာ အ၀၀မှာလည်း (မည်သည့်နိုင်ငံမျိုးတွင်မဆို) စစ်တပ်ရဲ့ သြဇာအာဏာနဲ့ …အရေးပါမှုတွေဟာ ပိုမို လွှမ်းမိုးနေဦးမယ့် နှစ်တစ်နှစ်ဖြစ်ပါတယ်။ ထို့အတူ တစ်ကမ္ဘာလုံးမှာ အင်ဂျင်နီရာတွေ၊ စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်တွေ၊ သချာင်္ပညာရှင်တွေ၊ နည်းပညာရှင်တွေ၊ နည်းပြတွေ ….အထူးလိုလား လိုအပ်လာမယ့် နှစ်တစ်နှစ် ဖြစ်ပါတယ်။
အင်္ဂါဂြိုဟ် လွှမ်းမိုးလာသော သည်လိုနှစ်မျိုးမှာ အင်မတန် နားအေးပါးအေး နေတတ်သူတွေတောင် ….စိတ်ခွန်အားတက်ကြွလာပြီး ပြိုင်ဆိုင် အနိုင်ကျဲကြည့်လိုစိတ်မျိုး ၀င်လာတတ်ချိန်ပါ။ ဒါကြောင့်လည်း တစ်နှစ်လုံးမှာ တစ်ဖက်နဲ့တစ်ဖက် ၊ တစ်ယောက်နဲ့တစ်ယောက်၊ တစ်ပါတီနဲ့တစ်ပါတီ၊ အုပ်စုတစ်ခုနဲ့တစ်ခု အား ပြိုင် အားစမ်းကြခြင်းမျိုးတွေ .. ပို၍ပိုမို များပြားနေဦးမှာဖြစ်ပါတယ်။
အင်္ဂါဂြိုဟ်သည်…ခွန်အား ၊ လက်နက် နဲ့ စွမ်းရည် တို့ကို ဖော်ပြပါတယ်။ ပမာအားဖြင့် တင်စားရရင် ဓါးတစ်လက်နဲ့တူပါတယ်။ ဓါးသည် အရိုးဘက်က ကိုင်မိထားရင် ခွန်အားဖြစ်စေနိုင်ပေမယ့် ….အသွားဘက်က လှည့်ကိုင်လိုက်တာနဲ့ …ထိခိုက်ပြတ်ရှ အန္တရာယ်ပေးနိုင်သော အရာတစ်ခု ဖြစ်လာပါတယ်။
ဒါကြောင့် သည်တစ်နှစ်မှာ သည်ဓါးကို အရိုးဘက်က ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးချနိုင်ဖို့ လိုအပ်လှပါတယ်။ အဲ…မတော်တစ်ဆများ အသွားဘက်ကနေ လှည့်ကိုင်မိပြီဆိုရင်တော့ ….အပြတ်အရှရာ ဗရပွ ဖြစ်သွားနိုင်တဲ့ ကာလပါပဲ။
မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာလည်း သည်အတိုင်းပါပဲ။
အမေစု (၀ါ) ဒေါ်အောင်ဆန်းစုကြည်အဖို့ …ဓါးကို အရိုးဘက်က ပိုင်ပိုင်နိုင်နိုင် ကိုင်မိစေဖို့ အရေးကြီးလှတဲ့နှစ်ပါ။ ဓါးကို အသွားဘက်ကနေ လှည့်ပြီး ရင်မဆိုင်မိဖို့ အရေးကြီးလွန်းလှတဲ့ နှစ်တစ်နှစ်လို့ ကျွန်တော့်အနေနဲ့ မြင်မိပါတယ်။ (လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ကြပါတယ်။) ကျွန်တော့်အမြင် အရ စစ်တပ်နဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်နိုင်သည့် နည်းလမ်းဖြင့်သာလျှင် အမေစုအဖို့ အနာဂတ် ရည်မှန်းချက်ပန်းတိုင်တွေကို ပိုမို တက်လှမ်းခွင်ရရှိနိုင်ပါလိမ့်မယ်။ ထားပါစို့ ။ နိုင်ငံရေးဟောစာတမ်း မဟုတ်တာကြောင့် သည်မျှနဲ့ ရပ်ပါမယ်။
သည်တစ်နှစ်မှာ စနေနေ့ဖွားများနဲ့ ….တနင်္ဂနွေနေ့ဖွားများဟာ ဓါးရဲ့ အသွားဘက်တည့်တည့်မှာ ရှိနေတယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် သူတို့အတွက်တော့ … အန္တရယ်များတတ်သော ကာလလို့ ယျေဘုယျအားဖြင့် ဆိုနိုင်ပါတယ်။ ဒီတော့ …ဒီတစ်နှစ်မှာ မေတ္တာသုတ်တော်နဲ့ ခန္ဓသုတ်တော်ကြီးကို မကြာခဏရွတ်ဖတ်ခြင်းနဲ့ အင်္ဂါဂြိုဟ်တိုင်ထောင့်မှာ မေတ္တာပို့ခြင်းမျိုးကို အခါအားလျော်စွာ ပြုသင့်ကြပါတယ်။
အင်္ဂါဂြိုဟ်ဟာ အသစ်အဆန်းနဲ့ စူးစမ်းလေ့လာမှုများကို လည်း ကိုယ်စားပြုပါတယ်။ ဒါကြောင့် ဒီတစ်နှစ်မှာ လူသားတွေဟာ အသစ်အဆန်းတွေကို ပိုမိုမက်မောလာကြပါမယ်။ အဟောင်းတွေကို ငြီးငွေ့ စိတ်ကုန်လာကြပြီး …ဖယ်ရှားစွန့်ပစ်လိုစိတ်တွေလည်း များလာကြပါမယ်။ ဒီအချက်သည် …ကမ္ဘာ့စီးပွားရေးရာ ကဏ္ဍမှာလည်း …အဓိက ပင်မအချက်တစ်ရပ်သဖွယ် ..အရေးပါလာပါမယ်။
နယ်ပယ်များစွာမှာ ကုန်ပစ္စည်းသစ်တွေ ၊ ထုတ်ကုန်သစ်တွေ၊ နည်းပညာသစ်တွေ သာ နေရာပိုယူလာကြမှာဖြစ်ပြီး၊ လှေကြီးထိုးရိုးရိုးသွားနေသူတွေအဖို့တော့ သည်တစ်နှစ်ဟာ ကံဆိုးမိုးမှောင်ကြမည့် နှစ်တစ်နှစ် ဧကန်ဖြစ်ပါတယ်။ မိမိတို့၏ လုပ်ငန်း …ထုတ်ကုန် စသည်တို့ကို Update အမြဲလုပ်နေမည့် ပုဂ္ဂိုလ်များသာ …အောင်မြင်မှုရနိုင်ချိန် မုချဖြစ်ပါတယ်။
ဒီအချက်သည် နိုင်ငံရေးဇာတ်ခုံများပေါ်မှာလည်း များစွာသက်ရောက်ပါလိမ့်မယ်။ လူတွေဟာ ….ရှေးရိုးအတိုင်း ဆက်သွားဖို့ ပျင်းရိငြီးငွေ့လာကြပြီး…အသစ်အဆန်း တစ်စုံတစ်ရာကို တော်လှန်ပြောင်းလဲ ပစ်နိုင်ဖို့ ဆန္ဒတွေ ရုန်းကြွလာတတ်ချိန်ပါ။ ဒါကြောင့် နိုင်ငံရေးမှာလည်း စည်းရုံးရေးကအစ ၊ လုပ်ပုံ ကိုင်ပုံဆောင်ရွက် ပုံတွေမှာ ပြုပြင်ပြောင်းလဲနိုင်ကာမှ တော်ရုံကာကျပါမယ်။
တစ်ခါလာလည်း ဒါပဲ ဆိုတာတွေကို လူတွေ ဘယ်လိုမှ မနှစ်သက်နိုင်တော့တဲ့ အချိန်ကို မုချ ကျရောက်နေပါပြီ။ ဒါကြောင့် …ပါတီတွေအနေနဲ့ မဲဆွယ်မယ်ဆိုရင်တောင် ….ရှေးနည်းတွေနဲ့မတူ..ပြည်သူတွေကို စည်းရုံးရေးနည်းဗျုဟာသစ်တွေနဲ့ ချဉ်းကပ်နိုင်ဖို့ အထူးလိုအပ်တဲ့ ကာလပါ။
ယင်းကဲ့သို့သော အဟောင်းများအပေါ် လူသားများ၏ ငြီးငွေ့လာမှုသည်…ကံမကောင်းရင် နိုင်ငံ့ခေါင်းဆောင်တွေအပေါ် ကျရောက်လာပြီး…..အဆိုပါနိုင်ငံ့ခေါင်းဆောင်များလည်း နိုင်ငံရေးလောကနဲ့ ရာဇပလ္လင် ကို စွန့်ခွာသွားရကိန်း ကျရောက်လာနိုင်တဲ့ ကာလဖြစ်ပါတယ်။ ဆိုတော့…..ဗျုဟာသစ်တွေ ချမှတ်သင့်သော ကာလကို ရောက်နေပြီဆိုတာ သတိပြုကြဖို့ အထူးလိုအပ်လှပါတယ်။
သာမန်လူတွေရဲ့ ကံဇာတာမှာတော့ …အဟောင်းတွေကို ငြီးငွေ့လွယ်ကူပြီး အသစ်အဆန်းကို မက်မောလာစေတတ်သော သည်လိုနှစ်မျိုးသည်….အကြီးကိုပစ်ပြီး အငယ်ကို စွဲမက်မိစေဖို့ တိုက်တွန်း လှုံ့ဆော်ပေးနေတတ်သော နှစ်မျိုး ဖြစ်သလို..၊ နည်းဟောင်းတွေကို စွန့်ပြီး နည်းလမ်းသစ်တွေနဲ့ ကမ္ဘာ့လူသားတွေကို လမ်းကြောင်းသစ်ပေါ် တွန်းတင်ပေးတတ်သည့် နှစ်တစ်နှစ် ဖြစ်ပါတယ်။
စိုးရိမ်တတ်သော ဇနီးမောင်နှံများအဖို့ကတော့ ….မိမိတို့ရဲ့ အချစ်နဲ့ အိမ်ထောင်ရေး ကို Update လုပ်ခြင်း၊ ဒီဇိုင်းလေးများ ပြန်လည်ဆန်းသစ်လန်းဆန်းစေခြင်း ပြုသင့်လှပါကြောင်း ….တင်ပြလိုက်ရပါတယ်။
ကုန်သည်နဲ့ စီးပွားရေးသမားများအတွက်ကတော့ သည်တစ်နှစ်မှာ ကုန်ပစ္စည်းသစ်တွေနဲ့ ၀ယ်သူတွေကို ဆွဲဆောင်နိုင်ဖို့ လိုပါတယ်။ သို့တည်းမဟုတ် မိမိတို့ရဲ့ရောင်းကုန်တွေကို ဘားရှင်းမြှင့်တင်ခြင်း ရှိနေဖို့လိုပါလိမ့်မယ်။
ဒီတစ်နှစ်ရဲ့ထူးခြားချက်က မဖြစ်နိုင်ဘူးလို့ ဘယ်အရာကိုမှ ပုံသေတွက်လို့ မရတော့လောက်သည် အထိ… ထူးထူးဆန်းဆန်း ဖြစ်လေ့မရှိတာတွေ ဖြစ်လာနိုင်တဲ့ ထူးခြားချက်ကြီးတစ်ခု ရှိနေခြင်းပဲ ဖြစ်ပါတယ်။ သဘာဝမကျတာတွေ၊ ထူးခြားဆန်းကြယ်တာတွေအားလုံး ၀ရုံးသုန်းကား ဖြစ်လာစေတတ်သော သည်နှစ်မျိုးကို ..Supernatural Year လို့တောင် တင်စားခေါ်ဝေါ်ရမယ့် အနေအထားပါပဲ။
စာကြွင်း …./ အင်္ဂါဂြိုဟ် တစ်လုံးရဲ့ အနေအထားနဲ့တင် ဆောင်းပါးက အနည်းငယ် ရှည်လျားသွားခဲ့ပါပြီ။ ၁၃၇၇ခုနှစ်အကြောင်းသိကောင်းစရာ ကဏ္ဍကို အပိုင်း(၃) ထိသာ ကျွန်တော်ရေးသားဖို့ ရည်ရွယ်ထားတာကြောင့် နောက်ဆောင်းပါးနံပါတ်(၃) မှာ ကျန်ဂြိုဟ်များရဲ့အနေအထားကို စတိသဘောမျှသာ စုစည်းပြီး အနှစ်ချုပ် ရေးပါတော့မယ်။
ပြီးရင်…. နေ့နံတစ်ခုချင်းဆီအလိုက်… တစ်နှစ်တာဟောကိန်းတွေကို ဆက်လက် ရေးသားပေးဖို့ ရည်ရွယ်
ထားတာကြောင့် ဖြစ်ပါတယ်။ စာရေးချင်လွန်းလာလို့သာ အင်မတန် အားစိုက်ပြီး ရေးနေရတာဖြစ်ပါတယ်။ တစ်နာရီခွဲခန့်ထိုင်ပြီးတိုင်း ….ပက်လက်လှန်ပြီး ဇက်အောက်မှာ မျက်နှာသုတ်ပုဝါလေးကိုလိပ်ပြီး ခုရင်း နားရပါတယ်။
စာရိုက်နိုင်အောင် အမြဲနှိပ်ပေး နင်းပေး ပြုစုပေးနေသော သမီးကြီးနဲ့ ဇနီးကိုလည်း ကျေးဇူးတင်လှပါတယ် ခင်ဗျား။
စာဖတ်သူအားလုံးကို လေးစားမြတ်နိုးစွာဖြင့်
ကိုစိုးမိုးထွန်း(ဗေဒင်ပညာသုတေသီ)
သုတေသီ ဝေသာလီမောင်ဖုန်း
ကိုစိုးခိုင်
www.mahabote.org
phone 09 31817287