Quantcast
Channel: မြန်မာ့ရိုးရာဗေဒင်
Viewing all articles
Browse latest Browse all 50

မွေးထားတဲ့ ရင်သွေး … ပေးထားတဲ့ နာမည်

$
0
0

ရင်သွေးသဘာဝ စာစုများ (၁)


ဒီဆောင်းပါးမှာတော့ အားလုံးသော ကလေးသူငယ် ရင်သွေးတို့ရဲ့ နာမည်များနဲ့ … ဆိုင်သော ဗေဒင်ပညာရပ်ဆိုင်ရာ ရှုထောင့်အမြင် အရပ်ရပ်ကို သုံးသပ်တင်ပြပေးထားပါတယ်။ စာဖတ်သူများ အနေနဲ့ ဗေဒင်တတ်စရာ မလိုပဲ ..မိမိတို့ရဲ့ ရင်သွေးငယ်များရဲ့ နာမည်ကို ကြည့်ရုံနဲ့တင် …လေ့လာ အကဲခတ်ပြီး စောင့်ရှောက်ထိမ်းသိမ်း ပေးနိုင်ဖို့ ..ရည်ရွယ်ဆောင်းပါးတစ်ပုဒ် ဖြစ်ပါကြောင်း။



ဒီဆောင်းပါးရဲ့ ကနဦးအစမှာ …ဒီအချက်လေးတွေကို အရင်ဖတ်သိထားဖို့ လိုပါတယ်။

နာမည်တစ်ခုမှာ အစ စာလုံးကို  …. အရင်းစာလုံး
အဆုံး စာလုံးကို …. အဖျားစာလုံး   …လို့

 ခေါ်ဝေါ်သတ်မှတ်ထားပါတယ်။ 

ဥပမာအားဖြင့် ခင်သီတာမြင့်မှာ …. ခင် ဟာ အစစာလုံး  (အရင်းစာလုံး) ဖြစ်ပြီး ..၊ မြင့် ..ဟာ အဆုံးစာလုံး (အဖျားစာလုံး) ဖြစ်ပါတယ်။ အထူးသဖြင့် နာမည်အဖျားစာလုံး ကို အဓိကပြုပြီး …ယခုဆောင်းပါး များမှာ လေ့လာဖွယ်ရာ အချက်အလက်များကို တင်ပြပေးသွားမှာ ဖြစ်ပါတယ်။

(၁)  အတုခိုး လွယ်သော  ကလေးငယ်များ 

အချို့သော ကလေးသူငယ်များ ဟာ အခြားကလေးငယ်များ နှင့် မတူအောင်ကို …..သာမန်ထက်ပိုမိုသော အတုခိုးမြန်ဆန်မှုမျိုး ပိုင်ဆိုင်နေတတ်ကြပါတယ်။ တစ်ခါမြင်တာနဲ့ …ထပ်ချပ်မကွာ အတုခိုးပြီး လိုက်လုပ်ကြည့်ဖို့ ပြင်နေတတ်ကြတဲ့ ကလေးငယ်တွေပါပဲ။

ရင်သွေးငယ်တွေရဲ့ နာမည်မှာ အဖျားစာလုံး (၀ါ) အဆုံးသတ် စာလုံးဟာ …. (က၊ခ၊ဂ၊ဃ၊င) ဆိုတဲ့ တနင်္လာနံတွေနဲ့များ ….မှည့်ခေါ်ထားခဲ့မယ်ဆိုရင် …သာမန်ထက် ပိုမိုပြီး အတုခိုးမြန်ဆန်မှာ အလွန်သေချာ လှပါတယ်။ 

ဥပမာအားဖြင့် မြင့်ကိုကို ၊ ပိုင်မင်းခန့် ၊ လင်းသန့်ကျော်၊ မွှေးမွှေးကြူ၊ ယုယခိုင်စသဖြင့်ကဲ့သို့သော နာမည်များ အပြင် …..တနင်္လာရဲ့ သဘာဝ နာမည်များ ဖြစ်သော ….ပုလဲ ၊ စန္ဒာ၊ ယမင်းသော်တာ၊ နန္ဒာ ၊ ကြေးမုံ..စသဖြင့် မှည့်ခေါ်ထားသော နာမည်ပိုင်ရှင် ကလေးသူငယ်များ ပဲ ဖြစ်ပါတယ်။

အထက်ဖော်ပြပါ ကလေးသူငယ် နာမည်ရှင်တွေဟာ …. အတုခိုးမြန်ဆန်တဲ့နေရာမှာ အခြား ကလေးငယ်တွေထက် သိသိသာသာ ပိုမိုကြမှာ ဖြစ်ပါတယ်။ 

အတုခိုးမြန်တယ် ဆိုတာ ကောင်းတဲ့အပိုင်းရှိသလို ..ဆိုးတဲ့ကဏ္ဍတွေလည်း ရှိစေနိုင်ပါတယ်။ မိမိတို့ရဲ့ ရင်သွေးငယ်များကို အထက်ပါအတိုင်း နာမည်မှည့်ခေါ်ပေးထားမိပြီ ဆိုရင်တော့…..ဖြစ်နိုင်သမျှ ကလေးငယ်ကို အတုခိုးမမှားစေဖို့ …(၀ါ) မှားယွင်းသော အလေ့အထများကို …အတုမခိုးမိစေဖို့ ထိမ်းသိမ်းစောင့်ရှောက်ပေးနိုင်ဖို့ အထူးလိုအပ်လှပါတယ်။

နီးစပ်ရာမှ ဓလေ့စရိုက် ကူးစက်မှု အလွယ်ကူဆုံး ကလေးသူငယ်များ ဖြစ်တဲ့အတွက် သူတို့ကို ….မကောင်းတဲ့သူနဲ့ မပေါင်းမိစေဖို့ …မိဘဆရာတွေက လိုက်လံကြပ်မတ်ပေးရပါလိမ့်မယ်။ ငယ်ရွယ်စဉ်ကနေ အရွယ်ရောက်သည်အထိ……သူတို့ဘ၀ မှာ အရေးအကြီးဆုံးကဏ္ဍကလည်း အပေါင်းအသင်း အပေါင်းအဖော် ကဏ္ဍပဲ ဖြစ်ပါတယ်။ တစ်ခြားကလေးတွေထက် အပေါင်းအဖော် ခုံမင်တတ်ကြသော နာမည်ပိုင်ရှင်ကလေးသူငယ်အမျိုးအစား လည်း ဖြစ်ပါတယ်။

အနှစ်ချုပ်သတိပြုဖို့က….မိမိတို့ရဲ့ ရင်သွေးငယ်ကို ….အဆိုပါကဲ့သို့ တနင်္လာနံ နာမည်အဖျားစာလုံး သို့တည်းမဟုတ် တနင်္လာ သဘာဝ ကြီးစိုးသော အမည်မျိုးမှည့်ခေါ်ထားခဲ့ပြီဆိုရင်… ……..ကိုယ့်ရင်သွေးဟာ……..

အတုမြင် အတတ်သင်  သိပ်ကိုလွယ်တယ်
ဆရာကောင်းကောင်း နဲ့ အပ်သင့်တယ် ….
အကျင့်ကောင်းရှိသူတွေနဲ့ နီးနီးကပ်ကပ်ထားသင့်တယ်……

သူတို့အတွက် အပေါင်းအဖော် ကောင်းကောင်းကို မိဘဆရာတွေက ရှာပေးသင့်တယ်။ (ဘယ်သူနဲ့ပေါင်းပေါင်း လုံးဝ လွှတ်မထားသင့်သော ကလေးငယ်များပဲ ဖြစ်ပါတယ်။) 

သင်လွယ်တတ်လွယ် နာမည်မျိုး ပိုင်ရှင် ကလေးသူငယ်တွေ ဖြစ်တဲ့အတွက် …. ကောင်းသော အသက်မွေးမှုပညာ …အတန်းပညာ ….စတာတွေကို ကလေးကို ငယ်စဉ်ကတည်းက ပျိုးထောင်ပေး ထားသင့်ပါတယ် ။

သူတို့ရဲ့ အားနည်းချက်ကတော့……

ပြတ်သားမှု အားနည်းပါလိမ့်မယ်။ သူတှို့ကို ဖိအားအများကြီး မပေးပါနဲ့။ လက်ခံနိုင်စွမ်း သူတို့မှာ မရှိပါ။ ပြတ်ပြတ်သားသား မရွေးခြယ်ခိုင်းပါနဲ့။ ဒွိဟဖြစ်ရတတ်တာ ကို အင်မတန်အားပေးတဲ့ နာမည်မျိုးတွေပါ ။ ကိုယ့်ကလေးကို ကိုယ် ဒီလိုနာမည်မျိုး ပေးထားပြီးမှ …..

နင်..ငါ့ကို ပြတ်ပြတ်သားသား ပြောစမ်း ဆိုပြီး ….အတင်းအကျပ် မလုပ်ပါနဲ့။ လျော်ရာမှာထက် ပျော်ရာမှာ ပိုနေချင်တဲ့ နာမည်ပိုင်ရှင် ကလေးငယ်တွေ ဖြစ်တဲ့အတွက် ……..ပျော်အောင် လည်းထား…တော်အောင်လည်းသင် …လျော်အောင်လည်း စောင့်ကြပ် …၊ အပေါင်းအသင်း မမှားဖို့ အဓိက သတိချပ် ရမယ့် ရင်သွေးငယ်ကလေးများ ဖြစ်ပါကြောင်း……………..။

(၂) စူးစမ်းမှု အားကောင်းသော  ကလေးများ ……

ဆော့သမျှ ကလေးတွေ ထဲမှာ ..ရှာရှာဖွေဖွေ အဆော့ဆုံး ကလေးသူငယ် များကို ဖော်ပြပါဆိုရင်တော့….နာမည်အဖျားစာလုံး အင်္ဂါနံနဲ့ မှည့်ခေါ်ထားသော ကလေး သူငယ်များပဲ ဖြစ်ပါလိမ့်မယ်။ 

ပမာအားဖြင့် ..မိမိတို့ရဲ့ ရင်သွေးကို အောက်ပါကဲ့သို့သော အမည်များ မှည့်ခေါ်ထားခဲ့မယ်ဆိုရင် …
ဇင်ဇင်ဇော် ၊ မြတ်မင်းစိုး ၊ လင်းဇာနည်ဆွေ ၊ မိုးမြင့်ဆု ၊ ယမင်းရွှေစင် ၊ ချစ်သဲစု ….စသည် …..။

တစ်ခုမဟုတ်တစ်ခု အဆန်းထွင် ဖို့ အမြဲကြိုးစားနေတတ်ကြပြီး……ခုခေတ်မှာတော့… Spiderman၊Halk၊ Fantastic Four စတဲ့ ……လူစွမ်းကောင်းဇာတ်ကောင်တွေကို အလွန်နှစ်သက် အားကြပြီး..ဗြောင်းဆန်အောင် ဆော့တတ်တဲ့ ကလေးသူငယ်မျိုးတွေပဲ ဖြစ်ပါလိမ့်မယ်။ ဒီကလေးသူငယ် နာမည်ရှင်မျိုးတွေဟာ …..အရာရာကိုလည်း အလွန်စပ်စုတတ်ကြပါတယ်။

ဒါဘာလေးလဲ မသိဘူး….ဆိုတာ သူတို့ရဲ့ ဆောင်ပုဒ်တစ်ခုလိုပါပဲ..။  ဆိုင်ဆိုင် မဆိုင်ဆိုင် …စပ်စုကြည့်ဖို့ ..စူးစမ်းကြည့်ဖို့ …အမြဲအဆင်သင့်ရှိနေတတ်ကြတဲ့ကလေးငယ် တွေ ပဲ မို့ ….အရပ်ထဲမှာ မျက်လှည့်ပြနေရင်လည်း သူတို့ပဲ ရှေ့ဆုံးက နေရာယူ ….  ဖြစ်နေတတ်ပါတယ်။

တစ်ကယ်တော့ စူးစမ်းတယ်ဆိုတာ ကောင်းတဲ့အလေ့အထ လို့ ပြောနိုင်ပါတယ်။ လူသားတွေအဖို့ ဒီကနေ့ ရရှိလာတဲ့ တိုးတက်မှု အ၀၀တွေဟာ လည်း ဒီလိုစူးစမ်းတဲ့အလေ့အထတွေကနေ ရရှိလာတာ ဖြစ်တယ် လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့်လည်း …အခြားသော ကလေးငယ်များထက် …..ယခုကဲ့သို့သော နာမည်အဖျား စာလုံး အင်္ဂါနံနဲ့ မှည့်ခေါ်ထားသော ကလေးငယ်များဟာ ….တိုးတက်မှု မြန်ဆန်ကြပါတယ်။

သို့စဉ်သည့်တိုင်အောင် ….ဘယ်နေရာမှာ တိုးတက်မှာလည်း ။ ကောင်းတဲ့နေရာမှာလား ..ဆိုးတဲ့နေရာမှာလား ….။  ဒါလည်းအရေးကြီးပါတယ်။ 

နာမည်အဖျားစာလုံး အင်္ဂါနံ နဲ့ မှည့်ခေါ်ထားသော ကလေးငယ်တွေဟာ ….ပြီးပြီးသားတွေ ထက်…မဖြစ်သေးတာတွေကို ပိုမိုစိတ်အားထက်သန်ကြပါတယ်။ ဒါလေးလုပ်ကြည့်ရင် ရှေ့ဘာဖြစ်လာမလဲ ဆိုတဲ့ စိတ်သဘာဝမျိုး ထက်သန်အားကောင်းလွန်းတာမို့…..ဆိုင်ရာ လူကြီးမိဘ ဆရာသမားများ အနေနဲ့ …. ဒီလိုကလေးငယ်တွေကို ကောင်းတဲ့ဘက်မှာ စူးစမ်းအားစိုက်မှု ဖြစ်စေဖို့ တည့်မတ်လမ်းညွှန်ပေးနိုင်ဖို့ အရမ်းအရေးကြီးပါတယ်။

လမ်းလွဲလိုက်မိတာနဲ့ ဗြောင်းဆန်အောင် ဆိုးသွားနိုင်သလို ….လမ်းမှန်ပေါ်ရောက်သွားရင်လည်း …အမြောက်အများ တိုးတက်ပြီး ရှေ့ရောက်နိုင်တဲ့ကလေးငယ် လေးတွေ ဖြစ်ကြောင်း မိဘများအနေနဲ့ သေချာကြနစွာ သိမြင်ထားဖို့ လိုအပ်ပါတယ်။

သူတို့က  ဘာကိုပဲဖြစ်ဖြစ် နည်းနည်းလးတော့ စမ်းကြည့်ချင်စိတ် အမြဲရှိနေပါတယ်။ ဒါကြောင့် သူတို့ကို ..ဘာကို လုံးဝ မလုပ်ရဘူး ဆိုတာမျိုးထက်…..၊ ကဲ ..ဟော့ဒါကြီးက မကောင်းဘူး ..ဘယ်လို ဆိုးကျိုးပေးတယ် ….မယုံရင် နဲနဲစမ်းကြည့်စမ်း( အနဲငယ်စမ်းကြည့်လို့ ဘေးမဖြစ်လောက်ဘူး ဆိုရင်ပေါ့)  အဲဒါမျိုး ဥပမာပေးပြီး ဆုံးမတာက …ပိုမို သင့်လျော်ပါလိမ့်မယ်။

ဘာကြောင့်လဲ ဆိုတော့…လုံးဝပိတ်ပင်ထားခြင်းအားဖြင့် သူတို့ကို မလုပ်မိအောင် တားလို့ ခက်တာကြောင့်ပါပဲ။ အခွင့်သာတာနဲ့ ….တားမြစ်ထားတာတွေ အားလုံးကို ..ကျူးကျော်ချိုးဖောက်ကြည့်ဖို့ စိတ်အင်အား အပြည့်အ၀ ရရှိထားစေသော အမည်များပိုင်ရှင် ကလေးသူငယ်များပဲ ဖြစ်ပါတယ်။

ကျွန်တော်ပြောတာတွေကို မျက်ကန်းယုံကြည်တာမျိုးထက်….ကိုယ်မွေးထားတဲ့ ရင်သွေးငယ် ..ကိုယ်ပေးထားမိတဲ့ နာမည်ပိုင်ရှင် ဒီကလေးငယ်တွေကို သေချာအကဲခတ်ကြည့်ပြီးမှ ….ယုံကြည် နားလည်ပါ။ ဒါဆိုရင် ကလေးရော မိဘများ အတွက်ပါ… အကျိုးကျေးဇူး ပိုမိုများ နိုင်ကြပါလိမ့်မယ်။ 

ကောင်းပြီ

အနှစ်ချုပ် အကြံပြုချက်အနေနဲ့…..အောက်ပါအချက်အလက်အချို့ကို ရေးသားဖော်ပြ ပေးလိုက်ရပါတယ်။ အင်္ဂါနံ (စ၊ဆ၊ဇ၊ဈ၊ည) ဖြင့် နာမည်အဖျားစာလုံးပြု မှည့်ခေါ်ထားသော ရင်သွေးငယ်များ အားလုံး အတွက်…………………..ဆိုင်ရာ လူကြီးမိဘအုပ်ထိမ်းသူများအနေနဲ့……

(၁)  အတင်းအကျပ် မတားပါနဲ့။ သူတို့ရဲ့ စူးစမ်းလိုစိတ် နဲ့ စမ်းသပ်လုပ်ကိုင်ကြည့်လိုစိတ်များကို အသိမှတ်ပြုပါ။ (နောင်တစ်ချိန်မှာလည်း ..အဆိုပါအချက်တွေကပဲ သူတို့ဘ၀အောင်မြင်မှုတွေဆီ ဆွဲခေါ် သွားမှာမို့ပဲ ဖြစ်ပါတယ်။ )

(၂) နည်းပေးလမ်းပြကောင်း ၊ ဆရာကောင်း ၊ လမ်းညွှန်မှုကောင်းစွာ ပေးနိုင်သော သူမျိုးနဲ့ နီးနီး ကပ်ကပ်ထားပါ။ (ဂိုက်ကောင်းကောင်း ရှိသလောက် တိုးတက်မှုအားကောင်းနိုင်တဲ့ ကလေးတွေ ဖြစ်ပါတယ်။ )

(၃) လက်တဲ့စမ်းကြည့်ချင်တဲ့ သဘာဝကို …အဆိုးဘက်မှာ ရောက်မသွားစေဖို့ ….ထိမ်းသိမ်းစောင့်ရှောက် ပေးပါ။ အထူးသဖြင့် …အသက်အားဖြင့် …၆နှစ်၊ ၁၃နှစ် ၊ ၂၀ နှစ် တွေမှာ ပိုမို ဂရုစိုက် ထိမ်းကျောင်း ပေးအပ်ပါတယ်။

နောက်ထပ်လည်း အခြားသော ရင်သွေးငယ်များနဲ့သက်ဆိုင်တဲ့ သိမှတ်ဖွယ်ရာလေးတွေကို ဆက်လက်ရေးသား တင်ပြ ပေးသွားပါဦးမယ်။ 

အားလုံးပဲ ချမ်းမြေ့ပျော်ရွှင်နိုင်ကြပါစေ။

ကိုစိုးမိုးထွန်း(ဗေဒင်ပညာသုတေသီ)
သုတေသီ ဝေသာလီမောင်ဖုန်း

ဝ၉-၄ဝ၁၅၆၃၂၉၁
၀၁-၆၁၈၄၆၉

Viewing all articles
Browse latest Browse all 50

Trending Articles


လုလုအောင် HD အသစ်


Washington DC မှာ MS-13 ဂိုဏ်းက အမျိုးသားတစ်ဦး ကိုခေါင်းဖြတ်သတ်


ဇီးပင်ကြီးနှင့် ဖောင်ကြီးမှ လေထန် နေဆဲ ဝါဒမှိုင်းစစ်ဆင်ရေးများ


"မြန်မာ့သမိုင်းတကွေ့မှ ပထမဆုံးလေကြောင်းတိုက်ပွဲ အပိုင်း(၂)"


ဇွဲမလျော့သော မွန်မင်း သမိန်ထောရာမ


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ပဒူကောင် …အန္တရာယ်နှင့်… အတုပ်ခံရပါက.. ဆောင်ရန်၊ ရှောင်ရန် ..အချက်များ


⁠နှင်းဆီပင် စိုက်ပျိုး⁠ခြင်း အပိုင်း – (၂)