Quantcast
Channel: မြန်မာ့ရိုးရာဗေဒင်
Viewing all articles
Browse latest Browse all 50

Article 0

$
0
0
အချစ်ရေး ၊ မေတ္တာရေး၊ အိမ်ထောင်ရေး ယတြာ
===============================
ပြောပြီးရင် ...စိတ်မကောင်းတတ်တာက ကျွန်တော်။
ခုနောက်ပိုင်း ကလေးတွေ လာလာ အပူကပ်ရင်..၊ ကျွန်တော် ခပ်ပြတ်ပြတ်ပဲ မကူညီနိုင်ပါဘူးပဲ ခေါင်းခါလိုက်တာများးပါတယ်။
အမှန်လည်း ...ဒီ ..ကိစ္စမျိုးတွေကို စိတ်ကုန်နေတာပါပါတယ်။
အများစုကတော့ မိန်းကလေးတွေပါ။ ရည်းစားကပစ်သွားလို့..၊ ယောကျာ်းအငယ်ထားလို့..၊ ကောင်လေးက အဆက်အသွယ်မလုပ်တော့လို့..၊ ကောင်လေးက နောက်ရည်းစားနဲ့တွဲနေလို့....၊ စသည်ဖြင့် ...အပူသည်လေးတွေပါ။
ခေါင်းနောက်လာဘာများတော့ ...ကျွန်တော့် ကို အဲဒီ့အကြောင်းမျိုး စကားစလိုက်တာနဲ့....ဆောရီးပါခင်ဗျာ ဆိုပြီး ..စကားပိတ်ပစ်မိတာများပါတယ်။
ဒါပေမယ့် ...
ငယ်တုန်းက ..ကိုယ်တိုင်အသဲဟက်တက်ကွဲဖူးတုန်းက ဘယ်လောက်ခံစားရတယ်ဆိုတာ ...ကိုယ်သာအသိဆုံးမို့....၊ တစ်ခါတစ်လေ ရောက်တော့လည်း ..မနေနိုင်ဘူး..ကူညီမိတာလေးတွေ ရှိပြန်ပါတယ်။ အဲလိုကူမိတော့လည်း ...မဆုံးနိုင် ..အမြဲတစ်ဂျိဂျိလာကြတော့တာပါပဲ။
ဒီတော့ ဝေရာမဏိ လုပ်ရတာ ပိုများလာပါတယ်။
ဒါပေမယ့် ....တတ်နိုင်သလောက်ပေါ့။
အချစ်ရေး အဆင်မပြေဘူး ဆိုသူများ အားလုံး လုပ်နိုင်ဖို့အတွက် ...
ယတြာပိုင်းလေးတစ်ခု ချပေးခဲ့ပါ့မယ်။
ယုံလည်း လုပ် ..
မလုပ်လည်း နေ....
ပူတော့လည်း လုပ်ကြည့်..
ရတော့လည်း အမြတ်...
မရတော့လည်း အရင်း...
ဘယ်လိုပဲ တွေးတွေးပါ။
ကျွန်တော်တတ်နိုင်တာ ကျွန်တော်ပညာဒါနပြုခဲ့တယ်ပဲ အောက်မေ့ပါ။
မေတ္တာရေး ၊ ချစ်မှုရေးရာ၊ အိမ်ထောင်ရေး...ဘာပဲဖြစ်ဖြစ် ..
အဆင်မပြေဖြစ်နေကြသူများ လုပ်နိုင်ရန်အတွက်..................
(၁) တနင်္ဂနွေနေ့ဖွား ၊ လုပ်ရမည့်နေ့ ( တနင်္လာနေ့) ၊ လှုရမည့်နံ ( သောကြာနံ/ သီး၊ သီဟိုဋ် စသည်) ၊ အရေအတွက် ၂၁ ၊ လှုရမည့်နေရာ..(တနင်္လာဒေါင့်)။
(၂) တနင်္လာနေ့ဖွားများ ၊ လုပ်ရမည့်နေ့ (အင်္ဂါနေ့) ၊ လှုရမည့်နံ (စနေနံ/ထန်း၊ဒန်း စသည်) ၊ အရေအတွက် - ၁၀၊ လှုရမည့်နေရာ (အင်္ဂါဒေါင့်) ။
(၃) အင်္ဂါနေ့ဖွားများ ၊ လုပ်ရမည့်နေ့ (ဗုဒ္ဓဟူးနေ့) ၊ လှုရမည့်နံ (တနင်္ဂနွေနံ / အုန်း..စသည်) ၊ အရေအတွက် - ၆ ၊ လှုရမည့်နေရာ ( ဗုဒ္ဓဟူးဒေါင့်) ။
(၄) ဗုဒ္ဓဟူးနေ့ဖွားများ ၊ လုပ်ရမည့်နေ့ (ကြာသာပတေးနေ့) ၊ လှုရမည့်နံ (တနင်္လာနံ/ ကံ့ကော်၊ ကံစွန်း ..စသည်)၊ အရေအတွက် - ၁၅ ၊ လှုရမည့်ဒေါင့် (ကြာသာပတေးဒေါင့်) ။
(၅) ကြာသာပတေးနေ့ဖွားများ ၊ လုပ်ရမည့်နေ့ (သောကြာနေ့) ၊ လှုရမည့်နံ (အင်္ဂါနံ/ ဇွန်၊ စံပယ် ...စသည်) ၊ အရေအတွက် - ၈ ၊ လှုရမည့်ဒေါင့် (သောကြာဒေါင့်) ။
(၆) သောကြာနေ့ဖွားများ ၊ လုပ်ရမည့်နေ့ ( စနေနေ့) ၊ လှုရမည့်နံ ( ဗုဒ္ဓဟူးနံ/ ၀ါး ၊ ရွက်လှ ..စသည်) ၊ အရေအတွက် - ၁၇ ၊ လှုရမည့်ဒေါင့် ..(စနေဒေါင့်) ။
(၇) စနေနေ့ဖွားများ ၊ လုပ်ရမည့်နေ့ (တနင်္ဂနွေနေ့) ၊ လှုရမည့်နံ ( ကြာသာပတေးနံ/ မေမြို့ ၊ ပိန်း ...စသည်) ၊ အရေအတွက် - ၁၉ ၊ လှုရမည့် ဒေါင့်..တနင်္ဂနွေဒေါင့် ။
++++
သတိအထူးထားဖို့က အဆင်ပြေနေသူတွေ မလုပ်ပါနဲ့။
ထပ်တိုးလာရင်...ကိုယ့်ကိစ္စ ..ကိုယ်ရှင်းရမှာပါ။
==========
အဆင်မပြေသူတွေလုပ်ကြည့်ပါ။
ဒါလုပ်ရင် မုချအဆင်ပြေမှာလား မေးရင်...ဟင့်အင်း..NO ပါ။
ကောက်ရိုးတစ်မျှင် ချပေးလိုက်တယ်ပဲ မှတ်ပါ။
ကျွန်တော်ခပ်ပြတ်ပြတ်ဘဲ ရေးတတ်ပါတယ်။ နားဝင်တော့ချိုမှာမဟုတ်ပါ။
ဒါပေသိ...ဒီနည်းစနစ်ကို အရမ်းကာရော ရေးခဲ့တယ်လို့တော့မထင်ပါနဲ့။
လက်တွေ့ ကညော့ရတာ အလွန်ဝါသနာထုံတဲ့ မောင်ဖုန်း..ဘာတွေလုပ်ကြည့် စမ်းကြည့်မိခဲ့တုန်း ဆိုတာလည်း..မပြောပြချင်တော့ပါ။
ကျွန်တော်အလွန်စူးစမ်းတဲ့ စိတ်ကတစ်ဖက်...မမှားအောင် သတိကတစ်ဖက်..
အတော်ကြီးထိမ်းခဲ့ရတာတွေ အများကြီးပါ။ မထိမ်းနိုင်ခဲ့တဲ့အမှားတွေလည်း ရှိပါတယ်။ ထားပါတော့...။ ရေးရင်း ..လမ်းကြောင်းတွေချော်ကုန်ပါ့မယ်။
အနှစ်ချုပ်က ...
အဆင်မပြေဘူးဆို လုပ်ကြည့်ပါ။
ရ ..အမြတ်..
မရ အရင်း...
ကုသိုလ် တော့ ရမှာပါ။
လုပ်သည့်နေ့မှာ ရေချိုးဖြစ်အောင် ချိုးပါ။
ရေကုသိုလ် ၊ သန့်ရှင်းရေးကုသိုလ်တွေလည်း လုပ်ပါ။
ကိုယ်လုပ်တဲ့ရက်ဟာ....လပြည့်နေ့နဲ့ တိုက်ဆိုင်နေရင် အကောင်းဆုံးပါပဲ။
တစ်ကယ်လို့ လပြည့်နေ့နဲ့ မတိုက်ဆိုင်နေတောင်..လပြည့်ခါနီး ငါးရက်ခန့်အလိုနဲ့ ..လပြည့်ကျော်ပြီး ငါးရက်အတွင်းဆို ပိုကောင်းပါတယ်။
ဘာသာခြားများအဖို့..ဘုရားနဲ့ ဂြိုဟ်တိုင်ထောင့်တွေမှာ လုပ်လို့ အဆင်မပြေနိုင်ရင်...သတ်မှတ်ရက်တွေမှာ သတ်မှတ် အညွန့်အခက်တွေကို မိမိအခန်းအတွင်း (အိပ်ယာအနီးမှာ) ပန်းအိုးနဲ့ထိုးထားပါ။
ကဲ...
ချက်ဘောက်ကနေ..လာလာမဂျိကြပါနဲ့ခင်ဗျာ။ ဒီမှာပဲ ဖတ်ကြည့်ကြ ။ လုပ်ကြည့်ကြပါ။
ဖုန်းနဲ့လည်း မဂျိကြပါနဲ့တော့...။ ဒါလေးကိုပဲ ဖတ်ကြည့်လုပ်ကြည့်ကြပါ။
ဒါမှ...မဒါမှဘူး ဆိုရင်တော့...
မောင်ဖုန်းလည်း ...မြားနတ်မောင်မဟုတ်ရပါကြောင်း....။
ဘာပဲဖြစ်ဖြစ်...
ချစ်တဲ့သူများ ...ချစ်နိုင်ကြပါစေ။
ညားသူများလည်း ....ဆက်လက်ပျော်ရွင်စွာ ညားနိုင်ကြပါစေသတည်း။
ခင်မင်ခြင်းဖြင့်...
ကိုဖုန်း။
သုတေသီ ဝေသာလီမောင်ဖုန်း။
ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)
09789333791

Viewing all articles
Browse latest Browse all 50

Trending Articles


TTA Oreo Gapp Installer


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


လူ့ဘဝ၏ အနှစ်သာရ တန်ဖိုး


“ဂုဏ်ယူမိပါတယ်” ကျနော်သိတဲ့ ကိုနေဝင်း (သို့) ဒေါက်တာနေဝင်း။