သားသမီးကံ နှင့် ဗုဒ္ဓဟူးဂြိုဟ်
================
ဗေဒင်ပညာရပ်မှာ သားသမီး နဲ့ ပတ်သက်လို့ ဗုဒ္ဓဟူးဂြိုဟ်ကို ...ဖော်ညွန်းဖွင့်ဆိုခဲ့ကြပါတယ်။
အလွယ်တစ်ကူ မယုံတတ်သူမို့ ....ဒီအချက်ကို နှစ်တော်တော်ကြာကြာလေ့လာပြီးနောက် ...နောက်ပိုင်းမှာမှ..ကျွန်တော်ကိုယ်တိုင် လက်ခံယုံကြည်ခဲ့ပါတယ်။
ဗုဒ္ဓဟူးဂြိုဟ်ဟာ ၀တ်မှုံကူးစေတတ်သောဂြိုဟ် (၀ါ) မျိုးဆက်ပြန့်ပွားရေးမှာ အတိုင်းအတာ တစ်ရပ် ထိ ပါဝင်ပတ်သက်နေသော ဂြိုဟ်လည်း ဖြစ်ပါတယ်။
ဗုဒ္ဓဟူးဂြိုဟ်နဲ့ ပတ်သက်သော ကံအကျိုးပေးကို တွက်ယူရတာ စိတ်ဝင်စားဖို့လည်း ကောင်းပါတယ်။
သားသမီးဆိုကတည်းက ....တစ်ယောက်ထဲ မွေးဖို့ဆိုတာက မဖြစ်နိုင်ပါ။
အမိ နဲ့ အဖ နှစ်ယောက်စလုံး ပေါင်းမှသာ ဖွားမြင်နိုင်တာမို့.....
လင်ယောကျာ်းဇာတာ နဲ့ ..ဇနီးဖြစ်သူ ဇာတာ
လင်ယောကျာ်း မွေးနံ နဲ့ ဇနီးဖြစ်သူ မွေးနံ
အချက်လေးချက် စာလုံးအရ....ဂြိုဟ်အင်အား ပေါင်းရတန်ဖိုးမှာ..
ဗုဒ္ဓဟူးဂြိုဟ်ရဲ့ အင်အားကောင်းနေရင်...
သားသမီးကောင်းရတနာ ထွန်းကားနိုင်ခြင်း နဲ့ ..သားသမီးအကျိုးပေးကံ ရရှိနိုင်ခြင်း လို့ ယျေဘုယျအဆင့် ပထမဆုံး ဆုံးဖြတ်နိုင်ပြီး......
ပေါင်းရတန်ဖိုးမှာ ဗုဒ္ဓဟူးဂြိုဟ်အင်အားနိမ့်ပါးနေခဲ့မယ်ဆိုရင်တော့...
သားဆိုးသမီးဆိုး မွေးဖွားမိခြင်း နဲ့ သားသမီးအဖတ်မတင်တတ်ခြင်း ကံမျိုး ကို ဖြစ်လွယ်လာစေပါတယ်။
(တစ်လောကကိုပဲ နယ်က စာရေးသူရဲ့ သူငယ်ချင်း အမျိုးသမီး ဇနီးမောင်နှံ နှစ်ယောက် ကို မွေးရက်ရွေးပေးရင်း ....သူတို့ဇာတာမှာ ဗုဒ္ဓဟူးဂြိုဟ် ပေါင်းရကိန်းသည် အားနဲလှတာကို တွေ့ရပါတယ်။ ..မထင်မှတ်ဘဲ...ဖွားမြင်ပြီး ရက်အနဲငယ်အကြာမှာပဲ ကလေးငယ် တိမ်းပါးသွားရှာပါတယ်။ စာရေးသူလည်း စိတ်မကောင်း အတော်ကို ဖြစ်ကျန်နေရစ်ခဲ့ရပါတယ်။)
ထို့အတူ....
လင်ယောကျာ်းမှာ ဖြစ်စေ..
ဇနီးမယားဖြစ်သူမှာ ဖြစ်စေ....
အမည်ကို....
( စနေနံအစ + တနင်္ဂနွေနံ အဆုံး ဖြစ်စေ....)
(သောကြာနံအစ + တနင်္လာနံ အဆုံးဖြစ်စေ...)
(ကြာသာပတေးနံ အစ + အင်္ဂါနံအဆုံးဖြစ်စေ...)
မှည့်ခေါ်ထားမိမယ်ဆိုရင်လည်း ..သားသမီးအကျိုးပေးကံ ခံစားရခြင်း နဲ့ သားသမီးအဖတ်တင်ခြင်းကံတို့ မှာ.....အနဲငယ် အားနဲစေတတ်ပါတယ်။
အများအားဖြင့်ကတော့ ထိုအမည်ရှင်များအဖို့ သားသမီး အဖတ်မတင်ခြင်း...၊ အဖတ်တင်သော်လည်း...သားသမီးအတွက် ဒုက္ခသုက္ခ ပိုခံရစေခြင်း..၊ သားသမီးအကျိုးခံစားခွင့်ကံ အားနဲခြင်း.....စသည်ဖြင့် ရှိတတ်တာကို တွေ့ရပါတယ်။
လောလောဆယ်လေးမှာကိုပဲ....
အွန်လိုင်းပေါ်က မိတ်ဆွေ ညီမ တစ်ဦး ....သားသမီး နှစ်ကြိမ် တိတိ အဖတ်မတင်ဖြစ်နေတာလေး တွက်ပေးဖို့ လာအကူညီတောင်း တာနဲ့ ...သူတို့ဇာတာ ဘာတစ်ခုမှ မတွက်ရသေးမီမှာကိုပဲ.....
မေးမြန်းချိန် ဂြိုဟ်အင်အား ခွဲကြည့်လိုက်တော့ ဗုဒ္ဓဟူးဂြိုဟ်ဟာ ဆိုးအား 100% ရှိနေတာကိုတွေ့ရပါတယ်။
ဒါ့အပြင် အမျိုးသမီးရဲ့ နာမည် အစ မှာ အောက်မြစ်သရများ နဲ့ မှည့်ခေါ်ထားတာကိုလည်းတွေ့ရပါတယ်။
(အောက်မြစ်သရများသည် ဘ၀မှာ ..အဆုံးအရှုံး အကျအပျောက်လေးတွေ များစေတတ်ပါတယ်။ )
အမည်မှာ အောက်မြစ်သရ နှစ်ခုတိတိ ပါနေတာကိုလည်း ..၄င်း ညီမငယ်ရဲ့ အမည် မှာ ထူးထူးခြားခြား တွေ့ရပြီး...ခုချိန်ထိ သားသမီးလည်း နှစ်ယောက်စလုံး အဖတ်မတင်ဖြစ်နေရတာကိုတွေ့ရပါတယ်။
အောက်မြစ်သရပါတိုင်း...သားသမီးအဖတ်မတင်ခြင်း..၊ သားသမီးအကျိုးမခံစားရခြင်း ရှိနိုင်သည် မဟုတ်သော်လည်း...ဗုဒ္ဓဟူးဂြိုဟ်ပါ အင်အား နိမ့်ကျနေရင်တော့ သားသမီး အဖတ်တင်နိုင်ခြင်းကံမှာ အားနဲစေနိုင်တာ သေချာလှပါတယ်။
ဖြေရှင်းနိုင်ဖို့ ကြိုးစားခြင်း...
--------------------------------
သတ္တ၀ါတွေဟာ ကိုယ်သယ်လာသည့်ကံကို ....ကိုယ်တိုင်ပဲ ပြန်ခံစားကြရတာပါ။
အတိတ်က ကြီးမားသော ကံများ သယ်ယူလာခဲ့ရင်
...ဘယ်လိုပဲ လုပ်ယူပါစေ...သားသမီးအကျိုးခံစားရရှိရန် မလွယ်ကူနိုင်ပါ။
သို့သော် မျက်မှောက်ကံ မှာ ....ပြုနိုင်တာလေးတွေတော့ လမ်းညွှန်ပေးခဲ့ပါ့မယ်။
နေ့စဉ်....နေအိမ်မှာ ဘုရားဆွမ်းတော်တင်သည့်အခါ
ပုံမှန်ဆွမ်းများအပြင်...
ဆွမ်းတစ်ပွဲကို(ဆွမ်းဟင်း ဆွမ်းထမင်း) သီးသန့်ပြင်ပါ။
ထိုဆွမ်းသည် ပွင့်တော်မူပြီးသမျှသော ဗုဒ္ဓဟူးနေ့ဖွား မြတ်စွာဘုရားရှင် အပေါင်းကို ရည်စူးပြီး ကပ်သော ဆွမ်း ဖြစ်ပါစေ။
ပြီးတဲ့နောက် ကြိုက်တာရွတ်ဖတ် ၀တ်ပြုပါ။ ပြီးရင် ...ထိုဆွမ်းလှုရသည့်အကျိုးကို အမျှပေးသည့်အခါ မှာ ..ဗုဒ္ဓဟူးဂြိုဟ် နတ်မင်းကြီးကို အထူးပြုပြီး ရည်စူးအမျှဝေပေးရပါတယ်။
ဆွမ်းပန်ကန်းကို အစိမ်းရောင်ပန်းကန် (ကြွေပန်းကန်မသုံးရ) တစ်မျိုးမျိုး သို့မဟုတ် ပန်းကနုတ် အစိမ်းရောင်ပါတာမျိုး
သုံးရပါတယ်။
ဗုဒ္ဓဟူးဂြိုဟ်နတ်မင်းကြီးကို အမျှဝေတာ အကြိမ်ရေများလာပြီးတဲ့ နောက်ပိုင်းမှာ..... သားသမီးရရှိခြင်း ၊ အဖတ်တင်ခြင်းနဲ့ ပတ်သက်လို့ ....ဆုတောင်းနိုင်ပါတယ်။
ထို့အတူ...သားဆိုးသမီးဆိုးများ ဒဏ်ခံနေရသူများ...၊ သားသမီးအကျိုးပေးကံ အားနဲနေသူများလည်း ...ဒီအတိုင်း လုပ်ဆောင်ပေးနိုင်ပါတယ်။
နေအိမ်မှာ အစိမ်းရောင်နဲ့ အနက်ရောင် တွဲနေသည့် မည်သည့် ပရိဘောဂ မျိုးကိုမှ မသုံးစွဲပဲလည်း ရှောင်ကျဉ်ရပါတယ်ခင်ဗျား...။
ဖတ်မှတ်သုတ ရရှိနိုင်ကြသည်...
သားသမီးအကျိုး ခံစားရရှိနိုင်ကြသည် ဖြစ်ကြပါစေ။
လေးစားစွာဖြင့်
ကိုဖုန်း။
သုတေသီဝေသာလီမောင်ဖုန်း။
09 789 333 791